တန်ဆောင်တိုင်အမှတ်တရအဖြစ် ဘော်ဒါတို့ကို ဘာ App လေး ..ပေးရင်ကောင်းမလဲ စဉ်းစားနေတာ ကထိန် ငွေပဒေသာပင်တွေမှာ ..အလှူငွေကို အလှဆင်နိုင်မယ့် Money Origami ဆိုတဲ့ ပိုက်ဆံကို ..အရုပ်ပုံလေးတွေ ခေါက်နည်းသင်ပေးမယ့် App လေး တင်ပေးလိုက်တယ်။ငွေပဒေသာပင်မှာ တမူထူးခြားပြီး လှပသွားအောင် ဖန်တီးနိုင်ဖို့ပါ။ပန်းပုံစံ၊ အင်္ကျီပုံစံ၊ လိပ်ပြာ၊ ငှက် .. စသဖြင့် ခေါက်နည်း (၁၂)မျိုးပါရှိပါတယ်။တစ်ချို့အရုပ်တွေက ကထိန် ငွေပဒေသာပင်အတွက် အဆင်မပြေပေမယ့် ..ပန်း ၊ လိပ်ပြာ၊ အင်္ကျီ၊ ငှက် .. စတာလေးတွေက တော်တော်လှတယ်ဗျ။ကိုယ်တိုင် ငွေပဒေသာပင် လှလှလေး ဖန်တီးပြီး ကုသိုလ်ယူနိုင်အောင် ..ခေါက်နည်းလေးတွေကို လေ့လာကြည့်ဗျာ။ မခက်ပါဘူး လွယ်ပါတယ်။
ကျွန်တော် ဒေါ်လာတွေနဲ့ ခေါက်ထားတဲ့ ပုံပါ တင်ပေးလိုက်တယ်။
Android 2.2 နှင့် အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။ကျွန်တော် ဒေါ်လာတွေနဲ့ ခေါက်ထားတဲ့ ပုံပါ တင်ပေးလိုက်တယ်။
>>>>>>Download Money Origam - (7MB)<<<<<<
ဒီပုံမျိုးလေးတွေလိုလုပ်ချင်တယ်ဆိုရင်ပေါ
အားလုံအဆင်ပြေကြပါစေ။။
0 comments:
Post a Comment
ပြုပြင်ရင်းနဲ့ ရှေ့ဆက်နေမည်။ နေ့စဉ်နှင့် အမျှ မိမိ အကြိုက်ကလေးများကိုသာ
ရွေးချယ်တင်ပြသွားပါမည်။ အဆင်မပြေတာလေးများရှိပါက nmidealist@gmail.com
အီးမေးလ်ပေးပို့ ဆက်သွယ်နိုင်ပါသည်။
"' အလည်လာရောက်သူ မိတ်ဆွေများ သူငယ်ချင်းများ
အားလုံးကို ကျေးဇူးတင်ပါသည်။ ""