♪♫♪ Sea Games Channel Live ထုပ်လွှင့်မှု အစီအစဉ်များ ♪♫♪
facebook like ခြင်းဖြင့်အသစ်များကိုဖတ်ရှုတိုင်ပါသည်
Home » , » မြန်မာပြည်တွင် လမ်းညွှန်စနစ် အမှန်အကန်အသုံးပြုနိုင်သော MapFactor Navigator GPS လမ်းညွှန် Application (for Android)

မြန်မာပြည်တွင် လမ်းညွှန်စနစ် အမှန်အကန်အသုံးပြုနိုင်သော MapFactor Navigator GPS လမ်းညွှန် Application (for Android)

အရင်ဆုံး GPS Navigator ဆိုတာ ဘာလဲလို့ မသိသေးသူတွေအတွက်ရှင်းပြချင်ပါတယ်။ လမ်းညွှန်စနစ် တစ်ခုပါ။ မိမိသွားလိုသောနေရာကိုမြေပုံထဲတွင် အမှတ်သားလုပ်ပေးပြီး Navigator က မိမိသွားရမယ့်
လမ်းကြောင်းကို ပြောပြပါမယ်။ ဘယ်ကွေ့ ၊ ညာကွေ့ စသဖြင့် ..မိမိ သွားလိုတဲ့ နေရာကို မရောက်မချင်း လမ်းတိုင်း ၊ လမ်းတိုင်းမှာသွားလာရမယ့် ပုံစံများကို ညွှန်ကြားပေးတဲ့ စနစ်ကို ဆိုလိုပါတယ်။မြို့တစ်မြို့ကို အလည်သွားတဲ့အခါ ကိုယ်သွားချင်တဲ့နေရာကို ..Navigator ရဲ့ လမ်းညွှန်မှုဖြင့် အဆင်ပြေစွာ သွားလာနိုင်ပါတယ်။လမ်းညွှန် GPS App တွေ တော်တော်များများ ကျွန်တော်တို့ဆီမှာ ..သုံးလို့ အဆင်မပြေပါဘူး။ဘာလို့လဲဆိုတော့ ကျွန်တော်တို့နိုင်ငံမြေပုံကိုအထောက်ပံ့မပေးတဲ့အတွက်ဖြစ်ပါတယ်။ အခုတော့ အဆင်ပြေသွားပြီ။MapFactor Navigator က အရှေ့တောင်အာရှ နိုင်ငံအကုန်လုံးအတွက်
လမ်းညွှန်စနစ်များစွာ ထည့်သွင်းပေးထားတဲ့ အလန်းစား GPS ဖြစ်ပါတယ်။မြန်မာပြည်မြေပုံကို အထောက်ပံ့ပေးပြီး ရန်ကုန်-မန္တလေး အပါဝင် ..မြို့ တော်တော်များများ မှာ အသုံးပြုနိုင်ပါတယ်။MapFactor Navigator ဟာ Offline GPS အမျိုးစားဖြစ်ပါတယ်။
ဒါကြောင့် လိုအပ်သော Data များကို အရင်ဆုံး download ဆွဲပေးရမယ်။အရင်ဆုံး ကျွန်တော် တင်ပေးလိုက်တဲ့ app ကို install လုပ်လိုက်ပါ။install လုပ်လို့ ဖွင့်လိုက်ရင် မြေပုံ မရှိသေးတဲ့အတွက် download ..ဆွဲခိုင်းပါမယ်။ ကျွန်တော်တို့မြန်မာပြည်အတွက်ဆိုရင် မြန်မာပြည်မြေပုံ
အပါဝင် download ဆွဲရမယ့် data ပမာဏ (81MB) လောက်ရှိပါတယ်။မြန်မာပြည်မြေပုံကို Union of Myanmar ဆိုပြီး ပါရှိပါတယ်။ ရှာလိုက်ပါ။81MB ကို ဒေါင်းရမှာမို့ စိတ်မညစ်ပါနဲ့ .. လိုင်းကောင်းတဲ့အချိန်မှာမရမက ဆွဲလိုက်ပါ။ ကျွန်တော်လဲ တစ်နာရီလောက် အချိန်ပေးပြီး
စိတ်ရှည်ရှည်နဲ့ဆွဲခဲ့ရပါတယ်။ အချိန်ပေးရတာ တကယ်တန်ပါလိမ့်မယ်လို့ကျွန်တော် အာမခံပါတယ်။ data တွေကို download ဆွဲပြီးသွားရင်တော့လမ်းညွှန်စနစ်ကို စတင်အသုံးပြုနိုင်ပါပြီ။ လမ်းညွှန်စနစ်ကို အသုံးပြုဖို့မိမိဖုန်းရဲ့ GPS function ကို ဖွင့်ပေးထားရပါမယ်။။
လိုအပ်တယ်ဆိုရင်အောက်မှာဒေါင်းလိုက်ပါဗျာ။။။။


အားလုံးအဆင်ပြေကြပါစေ။။။။။
Jika Anda menyukai Artikel di blog ini, Silahkan klik disini untuk berlangganan gratis via email, dengan begitu Anda akan mendapat kiriman artikel setiap ada artikel yang terbit di Creating Website

2 comments:

  1. ဘယ်လိုအသုံးပြုရမယ်ဆိုတာအသေးစိတ်ရှင်းပြပေးပါလား

    ReplyDelete
    Replies
    1. ညီလေး အပေါ်မှာ အကုန်ရေးထားပေးပါတယ်လေ

      Delete

ပြုပြင်ရင်းနဲ့ ရှေ့ဆက်နေမည်။ နေ့စဉ်နှင့် အမျှ မိမိ အကြိုက်ကလေးများကိုသာ
ရွေးချယ်တင်ပြသွားပါမည်။ အဆင်မပြေတာလေးများရှိပါက nmidealist@gmail.com
အီးမေးလ်ပေးပို့ ဆက်သွယ်နိုင်ပါသည်။

"' အလည်လာရောက်သူ မိတ်ဆွေများ သူငယ်ချင်းများ
အားလုံးကို ကျေးဇူးတင်ပါသည်။ ""

တပါတ်အတွင်း လူအကြိုက်အများဆုံးပို့ စ်များ

♪♫♪ MR TV-4 Live ထုပ်လွှင့်မှု အစီအစဉ်များ ♪♫♪
 
ကိုညဏ်မွန် - ORMM (Malaysia News)
Copyright © 2013. ကိုဥာဏ်မွန် (နည်းပညာများ စုစည်းမှု)
by: နေဇော်လင်း (မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
16.10.2013 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။