♪♫♪ Sea Games Channel Live ထုပ်လွှင့်မှု အစီအစဉ်များ ♪♫♪
facebook like ခြင်းဖြင့်အသစ်များကိုဖတ်ရှုတိုင်ပါသည်
Home » » ဘလော့ဂါများ အတွက် အကောင်းဆုံးနည်းလမ်း တခုဖြစ်တဲ့ Google Drive တွင် ဖိုင်များ Upload တင်နည်း နှင့် Download Link ယူနည်း***

ဘလော့ဂါများ အတွက် အကောင်းဆုံးနည်းလမ်း တခုဖြစ်တဲ့ Google Drive တွင် ဖိုင်များ Upload တင်နည်း နှင့် Download Link ယူနည်း***

ညီငယ် Zayarnaing နဲ့ အီးမေးလ်ကနေ တောင်းဆိုထားကြတဲ့ ညီငယ်များအတွက်၊အခြာ ဘလော့ဂါများ အတွက်ပါ
လင့်လဲမသေ၊ဖိုင်လဲမပျက်စီးဘဲ ဖိုင်တွေကိုစိတ်ကြိုက်တင်လို့ ရတဲ့ Google Drive မှာ Upload တင်နည်းနဲ့ Download Link  ယူနည်း ဖြစ်တဲ့ ဒီပို့လေးကို ရေးလိုက်ပါတယ်။
အရင်က ကျွန်တော်ကိုယ်တိုင်လဲ Free Upload Site တွေဖြစ်တဲ့ Zippyshare.Mega Upload,File Upload နဲ့ Box တို့မှာ ဆော့ဝဲတွေ အတော်များများ တင်ခဲ့ဘူးပါတယ်။ဖိုင်များလာရင် Auto Delete
လုပ်ပစ်တာမို့ တင်ထားတဲ့ပို့စ်တွေထဲက
ဒေါင်းလုပ်လင့်တွေ သေကုန်ပါတယ်။
Box ကတော့ ပုံစံတမျိုးပါ။အရင်က 5Gb သာရပေမဲ့ အခု 10 Gb ထိတိုးပေးထားပါတယ်။Box က တလတွင်းဖိုင်တင်တဲ့ရာခိုင်နှုန်း (Monthly Upload Persent) က 35% ထက်မကျော်ရင် တင်ထားတဲ့
ဖိုင်တွေကို (၅)နှစ်ထိသိမ်းထားပေးပါတယ်။တကယ်လို့ ရာနှုန်းကျော်ရင်တော့အားလုံးဖျက်ပစ်ပါတယ်။
ဒါနဲ့ဘဲ ကျွန်တော်လဲ Box မှာ ၃-နှစ်စာ Donate သွင်းမယ်စိတ်ကူးနေတုံး ကျွန်တော့် ညီငယ် ဇော်မင်းသန်း(သီချင်းများ ဥယျာဉ်)က (အကိုရေ..မဝယ်နဲ့..ပိုက်ပိုက်ကုန်တယ်။Google Drive မှာတင်
..အဆင်ပြေတယ်၊လင့်လဲမသေဘူး) ဆိုတာနဲ့ ကျွန်တော်လဲတင်ကြည့်တာ အားလုံးအဆင်ပြေတာနဲ့
 ကျန်တဲ့ မိတ်ဆွေ ဘလော့ဂါများလဲပိုက်ဆံမကုန်၊လင့်မသေ ဘဲ Upload တင်နိုင်ဘို့ပြန်လည်ဝေမျှ
လိုက်ပါတယ်။ညီငယ် ဇော်မင်းသန်း(သီချင်းများဥယျာဉ်) ကိုလဲကျေးဇူးတင်ကြောင်းပြောပါရစေ။
Google Drive မှာ ဖိုင်တွေ Upload တင်ဘို့....
(၁)Gmail အကောင့်တခု ရှိရပါမယ်။
(၂)အဲဒီအကောင့်က Password က Strong ဖြစ်ပြီး ဖုန်းနံပါတ်ဖြင့် Verify လုပ်ပြီးသားဖြစ်ရပါမယ်။
    (ဒါမှသာ အဲဒီ Upload တင်တဲ့အကောင့်ကို လာ Hack တဲ့အခါ Google က Prevent(ကာကွယ်)ပေးနိုင်မှာပါ)
(၃) အကောင့်တခုလျှင် 15 Gb ထိ Upload တင်နိုင်ပါတယ်။(များများတင်ချင်ရင်တော့အကောင့်များများ ရှိဘို့ လိုအပ်ပါတယ်)
(၄)Unlimited ..တခါတင်ရင် ဘယ်နှစ်ဖိုင်၊တရက်ကိုဘယ်နှစ်ကြိမ် ဆိုတာ သန့်သတ်ချက်မရှိပါ။15 Gb မပြည့်မချင်း တင်နိုင်ပါတယ်။
(၅)Upload တင်ဘို့ အသုံးပြုတဲ့အကောင့်က သီးခြားအကောင့်ဖြစ်တာ ပိုလုံခြုံပါတယ်။အကြံပေးချင်တာက
    အကောင့် Password ကအနဲဆုံး ၂၅-လုံးအထက်မှာထားပါ။(စာလုံးကြီး/သေး+သင်္ကေတ+ဂဏန်း        ရောနှော၍)
ကဲ...ပြည့်စုံရင် ဖိုင်တွေကို Upload တင်နိုင်ပါပြီ။Upload တင်နည်း၊Link ယူနည်းတို့ကို အောက်မှာပုံ(၁၂)ပုံနဲ့ ရှင်းပြထားပေးပါတယ်။အားလုံးအဆင်ပြေကြပါစေဗျာ...။ David Aung (CMG)













 
 
ref... http://www.linthit.com/2013/10/google-drive-upload-download-link.html
Jika Anda menyukai Artikel di blog ini, Silahkan klik disini untuk berlangganan gratis via email, dengan begitu Anda akan mendapat kiriman artikel setiap ada artikel yang terbit di Creating Website

1 comments:

  1. ကျေးဇူးပဲအစ်ကိုရေ၊၊

    ReplyDelete

ပြုပြင်ရင်းနဲ့ ရှေ့ဆက်နေမည်။ နေ့စဉ်နှင့် အမျှ မိမိ အကြိုက်ကလေးများကိုသာ
ရွေးချယ်တင်ပြသွားပါမည်။ အဆင်မပြေတာလေးများရှိပါက nmidealist@gmail.com
အီးမေးလ်ပေးပို့ ဆက်သွယ်နိုင်ပါသည်။

"' အလည်လာရောက်သူ မိတ်ဆွေများ သူငယ်ချင်းများ
အားလုံးကို ကျေးဇူးတင်ပါသည်။ ""

တပါတ်အတွင်း လူအကြိုက်အများဆုံးပို့ စ်များ

♪♫♪ MR TV-4 Live ထုပ်လွှင့်မှု အစီအစဉ်များ ♪♫♪
 
ကိုညဏ်မွန် - ORMM (Malaysia News)
Copyright © 2013. ကိုဥာဏ်မွန် (နည်းပညာများ စုစည်းမှု)
by: နေဇော်လင်း (မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
16.10.2013 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။