ဒီ App လေးကတော့ ညအချိန်တွေမှာ အင်မတန်မှ အသုံးဝင်တဲ့ ..tools ပေါင်း (21)မျိုးပါဝင်တဲ့ App လေးပါ။ ပါဝင်တဲ့အထဲမှာ ..ကျွန်တော် သဘောကျတာတွေကို ပြောရရင် ..
LED Torch - ညကြည့် ဓါတ်မီးဖြစ်ပါတယ်။ flash မီးနဲ့အတူ ..ကင်မရာပါ ဖွင့်ပေးတဲ့အတွက် အမှောင်ထဲမှ မြင်ကွင်းများကို ကင်မရာကနေ ကြည့်ရှုနိုင်မှာဖြစ်လို့ လန်းတယ်ဗျာ။
Banner - ညအမှောင်ထဲတွင် စာဖြင့် အချက်ပြ အသိပေးဖို့အတွက်အသုံးပြုနိုင်ပါတယ်။ မြန်မာလိုရေးရတာ အဆင်ပြေပါတယ်။ တစ်ဦးနဲ့တစ်ဦး အဝေးမှနေပြီး စာဖြင့် အဆက်သွယ် လုပ်နိုင်ပါတယ်။
Magnifier - မှန်ဘီလူးဖြစ်ပါတယ်။ မျက်စိမကောင်းသူများအတွက် မြင်ကွင်းများကို အကြီးချဲ့ကာ ကြည့်နိုင်ပါတယ်။
Arrow Sign - မြှားခေါင်းလေးဖြင့် အချက်ပြချင်တဲ့အခါ သုံးနိုင်ပါတယ်။ ဘယ်ကွေ့၊ ညာကွေ့ (သို့) အရပ်မျက်နှာများကို ညအခါ ဖော်ပြချင်တဲ့အခါ အသုံးဝင်တာကို တွေ့ရပါတယ်။
SoS Signal - အရေးပေါ် အချက်ပြဖို့အတွက်ဖြစ်ပါတယ်။ အန္တရာယ်တစ်ခုခု ကြုံတွေ့တဲ့အခါ color စုံ screen မီးများဖြင့် အချက်ပြ အကူညီတောင်းတဲ့အခါ သုံးနိုင်ပါတယ်။
Sleep Light - အမှောင်ထုကို ကြောက်သူတွေအတွက် မအိပ်ခင် ..အလင်းဖျော့ဖျော့လေး ဖွင့်ထားနိုင်ပြီး အချိန်ပြည့်သွားပါက ပိတ်သွားပါမယ်။ ဖုန်း screen ကို အသုံးပြုထားခြင်းဖြစ်ပါတယ်။
Candle Light - ဖယောင်းတိုင်မီးလေးကလဲ အသက်ဝင် လှပပါတယ်။Romance အချိန်များ၊ Show ပွဲများတွင် အသုံးပြုလို့ လန်းပါတယ်။
ကျန်တာတွေကတော့ သံလိုက်အိမ်မြှောင်၊ ပေတံ၊ ရေပြင်ညီတိုင်း နှင့် တစ်ခြား မီးရောင်စုံ function များ ပါဝင်ပါသေးတယ်။ တကယ်အသုံးဝင်ပြီး ဆောင်ထားသင့်တဲ့ app လေးဖြစ်လို့ တင်ပေးလိုက်ပါတယ်ခင်ဗျ။
Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

>>>>>>Download Screen Toolset 21<<<<<<
အဆင်ပြေကြပါစေ။
0 comments:
Post a Comment
ပြုပြင်ရင်းနဲ့ ရှေ့ဆက်နေမည်။ နေ့စဉ်နှင့် အမျှ မိမိ အကြိုက်ကလေးများကိုသာ
ရွေးချယ်တင်ပြသွားပါမည်။ အဆင်မပြေတာလေးများရှိပါက nmidealist@gmail.com
အီးမေးလ်ပေးပို့ ဆက်သွယ်နိုင်ပါသည်။
"' အလည်လာရောက်သူ မိတ်ဆွေများ သူငယ်ချင်းများ
အားလုံးကို ကျေးဇူးတင်ပါသည်။ ""