အရင်ဆုံးgmail ထဲကို ၀င် ။(အကောင့်အဟောင်းနော်) ။ အခု နောက်ပိုင်း mailကstyleတစ်မျိုး ပြောင်းသွားတော့ mail ရဲ့ ဘယ်ဘက် အပေါ်ထောင့် compose mail,inbox တို့ အပေါ်မှာ Contact ဆိုပြီး ရှိပါတယ် ။
အဲ့ထဲကို ၀င် .. ။အဲ့ဒါဆိုရင်အဲ့မှာ ကိုယ့်သူငယ်ချင်းတွေ အားလုံးပေါ်လာပါလိမ့်မယ်။ အဲ့နေရာမှာ More Action ဆိုတဲ့ နေရာလေးကို နှိပ် ပြီးရင် export ...။ အဲ့လို export လုပ်လိုက်ရင်တော့ google က ဒေါင်းလုပ် ဖိုင်လေး တစ်ခုပေးပါလိမ့်မယ် ။
သူ့ အလိုလို .csv file ကို ရွေးပြီးသားမိုဒေါင်းလုပ်လုပ်လိုက်ပါ ။ တစ်နေရာရာမှာ saveလိုက်ပေါ့ ။ ပြီးရင် ပြောင်းထည့်ချင်တဲ့ အကောင့် အသစ်ထဲကို ၀င် ..။ ခုန က အဆင့်တွေအတိုင်း ပြန်သွား ။
ပြီးရင် More Action ထဲမှာ Import ကို နှိပ်။ပြီးရင် ခုန က ဒေါင်းလုပ် လုပ်ထားတဲ့ google.csv file ကိုရွေးပေးလိုက်ရင်မိမိရဲ့ အကောင့်အဟောင်းထဲက သူငယ်ချင်းတွေ အားလုံးအကောင့်အသစ်ထဲကို တစ်ဦးချင်းစီ လိုက်အပ်နေစရာမလိုတော့ပဲ ရောက်ရှိသွားပါလိမ့်မယ် ။
Thanks & Ref: ဂန္ထဝင် ဗိသုကာ ကုမ္ပဏီ
0 comments:
Post a Comment
ပြုပြင်ရင်းနဲ့ ရှေ့ဆက်နေမည်။ နေ့စဉ်နှင့် အမျှ မိမိ အကြိုက်ကလေးများကိုသာ
ရွေးချယ်တင်ပြသွားပါမည်။ အဆင်မပြေတာလေးများရှိပါက nmidealist@gmail.com
အီးမေးလ်ပေးပို့ ဆက်သွယ်နိုင်ပါသည်။
"' အလည်လာရောက်သူ မိတ်ဆွေများ သူငယ်ချင်းများ
အားလုံးကို ကျေးဇူးတင်ပါသည်။ ""